ဒီနှစ်၁၀တန်းအောင်စာရင်းထွက်ပါတယ် အောင်တဲ့လူရှိသလို ကျတဲ့လူလည်းရှိမှာပါ ဒါပေမဲ့၁၀တန်းအောင်တာကျတာဟာဘဝရဲ့အဆုံးအဖြတ်မဟုတ်ပါဘူး ၁၀တန်းမအောင်တာနဲ့ဘဝကဘာမှမဖြစ်သွားပါဘူး ဘဝမှာအောင်တာကျတာက ကိုယ်အလုပ်မဟုတ်ပါဘူး ကြိုးစားရမှာကကိုယ်နဲ့ဆိုင်တာပါ ကျရင်ပြန်ထရမှာပါဘဲ ချော်လဲတာနဲ့လဲတဲ့နေရာမှာဘဲဆက်ထိုင်နေရမှာမဟုတ်တာ လဲနေတာကိုပြန်ထကျမှာဘဲလေ ၁၀တန်းဆိုတာလည်းကျရင်လည်းနောက်တစ်နှစ်ပြန်ကြိုးစားရမှာဘဲလေ ဘဝမှာဖြစ်ခဲ့ဖူးသမျှကိုသင်ခန်းစာယူတတ်ဖို့ဘဲ အဲဒီကကျတာကစဉ်းစားဖို့ပါ 'ငါဘာလို့၁၀တန်းကျတာလဲ ငါမှာဘာတွေလိုအပ်လို့လဲ ငါဘယ်ဘာသာအားနည်းလို့လဲ ငါရဲ့ကြိုးစားမူမလုံလောက်လို့လား'ဒါတွေကိုစဉ်းစားဆင်ခြင်ပြီးလိုအပ်တဲ့အရာတွေကိုဖြည့်စွက်ပြီးပြန်လည်ကြိုးစားကျရင်၁၀တန်းဆိုတဲ့ကိစ္စကိုကျော်ဖြတ်နိုင်ကျမှာပါ ဆိုလိုချင်တာအရှူံးထဲကသင်ခန်းစာယူတတ်ဖို့ပါ ဒါပေမဲ့လည်းဘဝက၁၀တန်းအောင်ရုံနဲ့လည်းပြီးသွားတာမဟုတ်ပါဘူး ၁၀တန်းအောင်ပြီးလည်းကြိုးစားနေရမှာပါဘဲ ၁၀တန်းကဘဝရဲ့အဆုံးအဖြတ်မဟုတ်ပါဘူး ကိုယ်ဖြစ်ချင်တာဖြစ်ဖို့ ကိုယ်ရည်မှန်းချက်ပန်းတိုင်ကိုရောက်မှသာလျင်ဘဝကကျေနပ်ဖို့ကောင်းတာပါ ၁၀တန်းဆိုတာကာလအပိုင်းအခြားတစ်ခုပါ ၁၀တန်းအောင်ရုံနဲ့လည်းဘာမှမဖြစ်သွားပါဘူး ကျလည်းဘာမှမဖြစ်ပါဘူး စိတ်ဓာတ်မကျဖို့နဲ့ ပြန်လည်ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်လေးရှိရင်ဖြစ်ကိုဖြစ်ပါတယ် ကျွန်တော်လည်းအရင်တုန်းက၁၀တန်းအောင်ဆိုအထင်ကြီးတာပါဘဲ ၁၀တန်းအောင်ပြီလည်းဘာမှမထူးပါဘူး ၁၀တန်းပြီးရင်အဓိကလိုအပ်တာကဘဝနဲ့ပက်သက်ပြီးအရွေးမမှားဖို့ပါ ၁၀တန်းမှာအမှတ်ကောင်းမှကျောင်းကောင်းကောင်းတက်ရမှာမဟုတ်ပါဘူး ပညာဒါနသင်တန်းတွေ အပြင်ကျောင်းတွေအများကြီးပါ ကြိုးစားပိုင်ခွင့်ကအမှတ်ကောင်းတဲ့လူ ကျတဲ့လူ နဲ့မဆိုင်ပါဘူး ကြိုးစားအားထုတ်မူရယ်ဝါသနာရယ်နဲ့ဘဲ့ဆိုင်တာပါ ဒီခေတ်မှာအဲဒါတွေကမလိုတော့ဘူး ကြိုးစားအားထုတ်မူနဲ့ဘဲဆိုင်တယ် ကျလည်းနောက်တစ်ကြိမ်ကြိုးစားကျတာပေါ့ ဒီနှစ်မအောင်ရင် နောက်နှစ်အောင်ကိုအောင်ရမယ်စိတ်ဓာတ်လေးနဲ့ ကြိုးစားကျတာပေါ့ လူဆိုတာရုန်းကန်နေရတာချည်းပါဘဲ ကျတဲ့လူကလည်းနောက်တစ်နှစ်အတွက်ကြိုးစားရမှာဖြစ်သလို အောင်တဲ့လူကလည်း လာမယ့်အချိန်တွေအတွက်ကြိုးစားရမှာဘဲ အဲဒီမှာဘာကအဓိကအရေးကြီးတာလဲဆိုတော့လုံလဝိရိယနဲ့ကြိုးစားအားထုတ်မူကအရေးကြီးတာပါ ငါတက္ကသိုလ်ရောက်ပြီဆိုပြီးလုပ်ချင်တာလုပ်လို့ကတော့ နောက်တစ်နှစ်ကျတဲ့လူက၁၀တန်းအောင်ပြီးတက်လာတော့လည်းအတူတူပါဘဲ အဓိက ကတော့စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားနေကျဖို့ဘဲလိုတာပါ :-) :-) :-) :-)
၁၀တန်းအောင်တဲ့ ညီလေး ညီမလေးတွေကဆက်လက်ကြိုးစားကျပြီးတော့ ၁၀တန်းကျတဲ့ ညီလေး ညီမလေးတွေကော ဇွဲမလျော့ဘဲနဲ့ဆက်လက်ကြိုးစားကျပြီးတော့နောက်နှစ်ဒီလိုအချိန်ကျရင်ဂုဏ်ထူးတွေအများကြီးနဲ့အောင်နိုင်ကျပါစေလို့တောင်းဆုပြုပါတယ်