တူရကီမှာ မအောင်မြင်တဲ့ အာဏာသိမ်းပွဲအတွင်း တင့်ကားတွေကို တားဖို့ ကြိုးစား တဲ့ လူတယောက် ပုံကို စီစီတီဗီ ရုပ်သံမှတ်တမ်း က ဖော်ထုတ် နိုင်ခဲ့ပါတယ်။
ဆာဘရီ အူနဲ ဆိုတဲ့ အစိုးရ ထောက်ခံတဲ့ အမျိုးသားက တင့်ကား ၂ စီး ကို ကျောက်ခဲနဲ့ ပေါက်ပြီး တားဖို့လုပ်ရင်း တင့်ကားအောက် ဝင်သွားခဲ့ ပါတယ်။
ဒုတိယ တင့်ကားက သူ့လက်မောင်းကို တက်ကြိတ်လို့ တံတောင်ဆစ် ကျိုးသွား တယ်လို့ သူက ဆိုပါတယ်။