ယော"....အညာဒေသ ညနေခင်းရဲ့အလှ
တောရွာလေး တွေဆိုပေမဲ့ အရမ်းကိုအေးချမ်းသာယာ
ပျော်ရွင်စရာကောင်းတဲ့ ယောဒေသလေးပါဗျာ အပူပင်
ကင်းတဲ့ ကလေးဘဝ မကဘဲ လူကြီးတွေလဲဒီလိုညနေ
ခင်းကိုရောက်ရင် အပူပင်သောကတွေ မေ့ပျောက်ပီး က
လေးတွေနဲ့အတူ အပန်းဖြေ ထုပ်စည်းထိုး ပျော်ရွှင်ကြတာပေါ့ဗျာ..........
အဖွဲ့လိုက် ဖွဲ့ပီး ကစားရင်း ပထမ ဒုတိယ တတိယ
ဆုချီးမြင့်ပါတယ် ဘုန်းကြီး ကျောင်းဝင်မှာ ကစားကြပီး
ဆရာတော်ကနေ ဆုချီးမြင့်ပေးပါတယ် အကျိတ်အနယ်
ကစားရင်း ချော်လှဲပီး ဒူးကွဲ တဒေါင်ဆစ်ကွဲ တွေနဲ့ အရှုံးမပေးဘဲ ကစားကြတဲ့သူတွေလဲ မနဲမနောပါဘဲ နေလေးက
စောင်း မိုးလေးကအုံ့ လေပြေလေညှင်းလေး ကတိုက်
ရာသီဥတုကသာယာနေပီလေ......
ဒီလိုနေ့လေရောက်ရင်တော့ သူတို့ရဲ့စိတ်ထဲမှာ
ထုပ်စည်းထိုးဖို့ တွေးတောရင်း ပီတိတွေနဲ့ ဖြူစင်စွာ အ
ပြုံပိုင်ရှင်လေးတွေ ဖြစ်နေပီပေါ့ဗျာ အဲဒိအချိန်လောက်
ယောသူတွေရဲ့အလှတရားကလဲ ပြောမပြနိုင်အောင် သူ
တို့ရဲ့မျက်နှာပြင်မှာ လဲ အရောင်ဆိုးချင်းမရှိ မာန်မာနမရှိ
ရိုရှင်း ဖြူစင် ပွင့်လင်း လှပတဲ့ မျက်နှာလေးတွေ တွေ့မြင်နိုင်ပါတယ်ဗျာ..........
ပြောရင်း ဆိုရင်း ဆိုသလို ဒီမြင်ကွင်းလေးမြင်တော့
အနေဝေးနေတဲ့ ဇာတိယောမြေလေးကို အပြေးပြန်သွား
ချင်မိပါရဲ့ဗျာ ညနေခင်းတိုင် လူစုံညီစွာ ပျော်ရွှင်စရားကောင်းတဲ့ ယောမြေ တောရွာလေးကို ကျတော့လိုဘဲ
အနေဝေး လွမ်းနေသူတွေအတွက် အလွမ်းပြေ
တခန မြင်းကွင်းလေးတင်ပေးလိုက်ရပါတယ်ဗျာ
ဇာတိယောမြေလေးကို
လွမ်းနေလျှက်ပါ.......